နေရှင်နယ်ကျောင်းများ၏ ကျေးဇူး ၁၉၂၀ ရန်ကုန်တက္ကသိုလ် ပထမ ကျောင်းသားသပိတ်ကြီးကို အကြောင်းပြုပြီး ပေါ်ပေါက်လားတဲ့ နေရှင်နယ်ကျောင်းခေါ် အမျိုးသားကျောင်းတွေဟာ မြန်မာနိုင်ငံ ပညာရေးသမိုင်းမှာ အလွန်အရေးပါတဲ့ အမှတ်အသားတွေ ဖြစ်ခဲ့ပါသည်။ လူငယ်တွေ အလွယ်မှတ်ဖို့ ပြောရရင် နေရှင်နယ်ကျေားင်တွေဆိုတာ အဲသည်ခေတ်က အုပ်စိုးသူလူတန်းစားဖြစ်တဲ့ ဗြိတိသျှနယ်ချဲ့တွေပေးတဲ့ ကျွန်ပညာကို အလိုချင်လို့ သခင်ပညာရေး (တစ်နည်းအားဖြင့်) အမျိုးသားပညာရေးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ သင်ယူကြမယ်လို့ သန္နိဋ္ဌာန်ချကာ အစိုးရကျောင်းတွေနဲ့ စင်ပြိုင်တည်ထောင် ဖွင့်လှစ်ခဲ့တဲ့ကျောင်းတွေ ဖြစ်ပါတယ်။ နယ်ချဲ့တော်လှန်ရေး လှုပ်ရှားမှု တက္ကသိုလ်သပိတ်ဟာ နယ်ချဲ့အစိုရရဲ့ တင်းကျပ်တဲ့ တက္ကသိုလ်ဥပဒေကို မကျေနပ်လို့ သပိတ် မှောက်ကြတယ်လို့ ဆိုပေမယ့် တကယ့်အနှစ်သာရကတော့ နယ်ချဲ့အစိုးရနဲ့ နယ်ချဲ့စနစ်ကိုတော် လှန်တဲ့ လှုပ်ရှားမှုကြီး ဖြစ်ပါတယ်။ နိုင်ငံရေးသဘောအားဖြင့် အလွန်မြင့်မားပါတယ်။ သပိတ်ဖြစ်စဉ်ကို လေ့လာကြည့်ပါ။ ၁၉၂၀ ပြည့်နှစ် တက္ကသိုလ်ဥပဒေကို မပြဋ္ဌာန်းခင်က မြန်မာနိုင်ငံမှာ တက္ကသိုလ်ဆိုတာ မရှိသေး ပါဘူ။ အိန္ဒိယက ကာလကတ္တားတက္ကသိုလ်ရဲ့ လက်အောက်ခံ ရန်ကုန်ကေ...










