နေရှင်နယ်ကျောင်းများ၏ ကျေးဇူး
၁၉၂၀ ရန်ကုန်တက္ကသိုလ် ပထမ ကျောင်းသားသပိတ်ကြီးကို အကြောင်းပြုပြီး ပေါ်ပေါက်လားတဲ့ နေရှင်နယ်ကျောင်းခေါ် အမျိုးသားကျောင်းတွေဟာ မြန်မာနိုင်ငံ ပညာရေးသမိုင်းမှာ အလွန်အရေးပါတဲ့ အမှတ်အသားတွေ ဖြစ်ခဲ့ပါသည်။
လူငယ်တွေ အလွယ်မှတ်ဖို့ ပြောရရင် နေရှင်နယ်ကျေားင်တွေဆိုတာ အဲသည်ခေတ်က အုပ်စိုးသူလူတန်းစားဖြစ်တဲ့ ဗြိတိသျှနယ်ချဲ့တွေပေးတဲ့ ကျွန်ပညာကို အလိုချင်လို့ သခင်ပညာရေး (တစ်နည်းအားဖြင့်) အမျိုးသားပညာရေးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ သင်ယူကြမယ်လို့ သန္နိဋ္ဌာန်ချကာ အစိုးရကျောင်းတွေနဲ့ စင်ပြိုင်တည်ထောင် ဖွင့်လှစ်ခဲ့တဲ့ကျောင်းတွေ ဖြစ်ပါတယ်။
နယ်ချဲ့တော်လှန်ရေး လှုပ်ရှားမှု
တက္ကသိုလ်သပိတ်ဟာ နယ်ချဲ့အစိုရရဲ့ တင်းကျပ်တဲ့ တက္ကသိုလ်ဥပဒေကို မကျေနပ်လို့ သပိတ် မှောက်ကြတယ်လို့ ဆိုပေမယ့် တကယ့်အနှစ်သာရကတော့ နယ်ချဲ့အစိုးရနဲ့ နယ်ချဲ့စနစ်ကိုတော် လှန်တဲ့ လှုပ်ရှားမှုကြီး ဖြစ်ပါတယ်။ နိုင်ငံရေးသဘောအားဖြင့် အလွန်မြင့်မားပါတယ်။
သပိတ်ဖြစ်စဉ်ကို လေ့လာကြည့်ပါ။
၁၉၂၀ ပြည့်နှစ် တက္ကသိုလ်ဥပဒေကို မပြဋ္ဌာန်းခင်က မြန်မာနိုင်ငံမှာ တက္ကသိုလ်ဆိုတာ မရှိသေး ပါဘူ။ အိန္ဒိယက ကာလကတ္တားတက္ကသိုလ်ရဲ့ လက်အောက်ခံ ရန်ကုန်ကောလိပ်နဲ့ ယုဒသန်ကောလိပ် ဆိုပြီး ကောလိပ်နှစ်ခုပဲ ရှိခဲ့ပါတယ်။ ဒါကြောင့် ပညာလိုလားတဲ့ မြန်မာအမျိုးသားတွေက မြန်မာနိုင်ငံမှာ တက္ကသိုလ်အဆင့်ပညာရေးအဆောက်အအုံကြီး ပေါ်ပေါက်လာဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒါကို လိုက်လျောတဲ့အနေနဲ့ ရန်ကုန်တက္ကသိုလ်အဖြစ် တိုးမြှင့်ပေးမယ့် ၁၉၂၀ ပြည့်နှစ် တက္ကသိုလ်ဥပဒေ ထွက်ပေါ်လာပါတယ်။
ဗြိတိသျှအစိုးရက အဲဒီ တက္ကသိုလ်ဥပဒေကို ပြည်သူလူထုက လေ့လာသုံးသပ် ဝေဖန်နိုင်ဖို့ ၁၉၂၀ ဇွန်လထဲမှာ တိုင်းပြည်သို့ ကြေညာဖြန့်ဝေပေးခဲ့တယ်။
ပေါ်ပေါက်လာမယ့် တက္ကသိုလ်ဟာ ဗြိတိသျှတွေအတွက် ခိုင်းကောင်းတဲ့ ဝန်ထမ်းတွေကိုပဲ ထုတ်လုပ်ပေးဖို့ ရည်ရွယ်ချက်တွေ တွေ့ရတယ်။ ဒါ့အပြင် အရေးကြီးတဲ့ အချက်နှစ်က ရန်ကုန်တက္ကသိုလ် တက်ရောက်ပညာသင်ကြားသူများသည် ကျောင်းအိပ် ကျောင်းစာနေထိုင်ရမည်ဆိုတဲ့အချက်နဲ့ တက္ကသိုလ် အုပ်ချုပ်ရေးနဲ့ သင်းကြားရေးကို ဗြိတိသျှအရာရှိတွေကပဲ ချုပ်ကိုင်ထားမယ်ဆိုတဲ့ အချက်တွေ ဖြစ်နေ ပါတယ်။
ကျောင်းအိပ် ကျောင်းစားနေရမယ်ဆိုတဲ့အတွက် ပိုက်ဆံမတတ်နိုင်သူများ တက္ကသိုလ်မတတ်နိုင် တော့မယ့် အခြေအနေဖြစ်လာပါသည်။ တက္ကသိုလ်ပညာရေးကို ငွေကြေးချမ်းသာသူများနဲ့ အရာရှိများရဲ့ သားသမီးများသာ သင်ကြားနိုင်တော့မယ့် အနေအထားဖြစ်လာပါတော့မယ်။ ဒါ့အပြင် အုပ်ချုပ်းရေးနဲ့ သင်ကြားရေးကို သူတို့ချည်းပဲ ကိုင်ထားမှာဖြစ်လို့ အမျိုးသားပညာရေး မျှော်မှန်းချက်တွေနဲ့ ပိုဝေးသွားတော့ မှာ ဖြစ်ပါသည်။
ကန့်ကွက်သော်လည်း ဂရုမစိုက်
အဲသည်အလားအလာတွေကို မြင်တက်တဲ့ မြန်မာပညာတတ်များက တက္ကသိုလ်ဥပဒေပါ ကန့်သတ်ချုပ်ချယ်တဲ့အချက်တွေကို ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ လူထုအစည်းအဝေးများ ကျင်းပခြင်းဖြင့်လည်းကောင်း၊ သတင်းစာဂျာနယ် ဆောင်းပါးများဖြင့်လည်းကောင်း ဆန်းစစ်ဝေဖန် ထောက်ပြခဲ့ကြပါတယ်။
သို့ပေမယ့် ကန့်ကွက်ချက်တွေကို ထည့်မစဉ်းစားဘဲ နောက်ဆုံးတော့ ဗြိတိသျှ အစိုရက ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံ ဥပဒေပြုကောင်းစီက တက္ကသိုလ်ဥပဒေကို ၁၉၂၀ သြဂုတ် ၂၈ မှာ လက်ခံ အတည်ပြုခဲ့ပါသည်။ တက္ကသိုလ်ဥပဒေ စတင်အာဏာတည်ခဲ့တဲ့နေ့ကတော့ ၁၉၂၀ ဒီဇင်ဘာ ၁ရက်နေ့ပါ။
အထွေထွေသပိတ်ကြီး
ရန်ကုန် တက္ကသိုလ်ဥပဒေ စတင်အာဏာတည်တဲ့နေ့ကနေ နှစ်ရက်မြောက်သောနေ့ ဒီဇင်ဘာ ၃ ရက်မှာ ရန်ကုန်ကောလိပ်က ကျောင်းသားကြီး တစ်ဆယ့်တစ်ယောက်ဟာ ရွှေတိဂုံရင်ပြင် စနေထောင့်မှာ တွေ့ဆုံပြီး ရန်ကုန်တက္ကသိုလ်ဥပဒေကို သပိတ်မှောက်ရန် သစွာဆို အဓိဋ္ဌာန်ပြုကြပါတယ်။ နောက် နှစ်ရက်အကြာ ဒီဇင်ဘာ ၅ ရက်မှာ ရန်ကုန်ကောလိပ်နဲ့ ယုဒသန်ကောလိပ်ကျောင်းသားတွေ ပူးပေါင်းပါဝင် ပြီး သပိတ်မှောက်ကြပါတော့တယ်။
သပိတ်မှောက်ကျောင်းသားများဟာ ဗဟန်းရှိ ဆရာတော် ဦးအရိယကျောင်းတိုက်များပါဝင်တဲ့ ၂၆ ဦးပါ သပိတ်မှောက်ကော်မတီက ကြီးကြပ်ကွပ်ကဲ ပေးတယ်။
အဲဒီနောက် များမကြာခင် တစ်နိုင်ငံလုံးရှိ အထက်တန်း အလယ်တန်းကျောင်းတွေပါ ပါဝင်သပိတ် မှောက်ကြတဲ့အတွက် အထွေထွေကျောင်းသား သပိတ်ကြီးဖြစ်လာပါတယ်။
၁၉၂၀ ဒီဇင်ဘာ ၁၉ ရက်စွဲနဲ့ သပိတ်မှောက်ကျောင်းသားများက ရန်ကုန်တက္ကသိုလ် အဓိပတိထံ လိပ်မပြီး ရန်ကုန်တက္ကသိုလ်ဥပဒေပါချွတ်ယွင်းချက်များကို ပြင်ဆင်ပေးဖို့ တောင်းဆိုလွှာ တင်သွင်းခဲ့ကြ ပါသေးတယ်။ သို့ပေမယ့် နောက်ပိုင်းမှာ တစ်ပြည်းလုံးက ကျောင်းသားများနဲ့ ပြည်သူများရဲ့ထောက်ခံ အားပေးမှုကို ရလာတဲ့အခါ မိမိတို့ရဲ့ လိုလားချက်များကို လိုက်လျောသည်ဖြစ်စေ၊ မလိုက်လျော သည်ဖြစ်စေ၊ နယ်ချဲ့အစိုးရက တည်ထောင်ပေးတဲ့ တက္ကသိုလ်ကိုတော့ ဆက်မတတ်ကြတော့ဘူးလို့ ဆုံးဖြတ်လိုက်ကြပါတယ်။
အမျိုးသားပညာရေးကောင်စီ
နယ်ချဲ့အစိုးရက ကျောင်းသားတွေကို အစုလိုက်အပြုံလိုက် ကျောင်းထုတ်တဲ့နည်းကို သုံးပြီး ခြိမ်းခြောက်တယ်။ အချိုသတ်သိမ်းသွင်းတဲ့နည်းကိုလည်း ကျင့်သုံးတယ်။ သို့ပေမယ့် ကျောင်းသားအများ စုက ကျောင်းပြန်မတတ်ကြတော့ဘဲ အမျိုးသားကျောင်းတွေ တည်ထောင်ကြတယ်။
အမျိုးသားကျောင်းတွေ တည်ထောင်ရာမှာလည်း တစ်ကျောင်းတစ်ဂါထား စိတ်ကူးပေါက်ရာ လုပ်ခဲ့ကြတာမဟုတ်။ အမျိုးသား ပညာရေးကော်စီ ဖွဲ့စည်းပြီး စနစ်တကျ ကြီးကြပ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားပညာရေးကော်စီရဲ့ ကြီးကြပ်မှုဖြင့် အမျိုးသားကောလိပ်နဲ့ အမျိုးသားအထက်တန်း ကျောင်းများ တစ်ပြည်လုံးမှာ ပေါ်ပေါက်လာပါတယ်။ အမျိုးသားပညာရေးဖော်ထုတ်ဖို့ ကြိုးစားခဲ့ကြတယ်။ သည်လိုနဲ့ အမျိုးသားလက္ခဏာတွေကို ပြန်လည်မြှင့်တင်နိုင်ခဲ့ပါသည်။
အမျိုးသားကောလိပ်ဟာ ၁၉၂၁ မှာ စတင်တည်ထောင်ပြီး ၁၉၂၃ မှာ ပျက်သွားပါတယ်။ သက်တမ်းမရှည်ခဲ့ပေမယ့် အမျိုးသား ကောလိပ်ပေါ်ပေါက်ခဲ့ခြင်းဟာ မြန်မာနိုင်ငံအမျိုးသားလွတ်မြောက် ရေး လှုပ်ရှားမှုသမိုင်းမှာ အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။ ဇာတိမာန်စာဆိုကြီး ဆရာလွန်းခေါ် ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ သူရိယ သတင်းစာက အလုပ်ထွက်ပြီး အမျိုးသားကောလိပ်မှာ မြန်မာစာပေနဲ့ ရာဇဝင်ပါမောက္ခအဖြစ် တာဝန်ယူခဲ့ပါသည်။
နေရှင်နယ်ကျောင်းများ
အမျိုးသားကောလိပ် ပျက်သွားပေမယ့် မြို့ကြီးအတော်များများမှာ သပိတ်မှောက်ကျောင်းသားများ ဦးဆောင်တည်ထောင်ခဲ့ကြတဲ့ နေရှင်နယ်ကျောင်းခေါ် အမျိုးသားကျောင်းများကတော့ သက်တမ်းရှည်ကြာ တည်တံ့ခဲ့ကြတာများပါတယ်။ နေရှင်နယ်ကျောင်းတွေဟာ ကိုယ်ပိုင် သင်ရိုးညွန်းတမ်းတွေနဲ့ ဘာသာရပ် တွေကို သင်ကြားပို့ချခဲ့ကြတယ်။ အစိုရ စာမေးပွဲများရှိတဲ့ အတန်းတွေရောက်မှသာ အစိုးရပြဋ္ဌာန်း စာအုပ်း တွေကို သင်ပေးပါတယ်။
နေချင်းတိုင်းကျောင်းမဟုတ်
ကျွန်တော်လေ့လာတွေ့ရှိသမျှကတော့ နေရှင်နယ်ကျောင်းတွေဟာ မြို့တိုင်းလိုလိုမှာ ပညာထူးချွန် သူတွေ အများဆုံးမွေးထုတ်ပေးနိုင်တယ်လို့ နာမည်ကောင်းရခဲ့ကြတယ်။ နေရှင်နယ်ကျောင်းတွေ စည်းကမ်းကြီးတယ်။ ပညာချွန်သူတွေ ထွက်တယ်လို့ သတင်းမွှေးတာကို မရှုဆိတ်သူအချို့က နေရှင်နယ်ကို နာမည်ဖျက်ပြီး နေချင်တိုင်းကျောင်းလို့ သမုတ်တာကိုလည်း ခံရဖူးပါတယ်။ သို့ပေမယ့် နေရှင်နယ်ကျောင်းတွေဟာ နာမည်မပျက်ရုံမက ဂုဏ်သတင်းပျံ့သထက်ပျံ့နှံ့ကာ တိုးတက်အောင်မြင် လာခဲ့ကြပါတယ်။
မျိုးချစ်စိတ်ဓာတက် အားကောင်း
နေရှင်နယ်ကျောင်းတွေဟာ ပညာရေးဘက်မှာ သာမကမျိုးချစ်စိတ်ဓာတ် ထက်သန်အားကောင်း ရေးကိုလည်း အများကြီး အားပေးခဲ့ပါတယ်။
ကျွန်တော်ဟာ ပဲခူးမြို့ နေရှင်နယ်ကျောင်း (ယခု အထက၃) က ထွက်ခဲ့တာဆိုတော့ ကျွန်တော်တို့ ငယ်ငယ်တုန်းက အကြောင်းတွေ သားသမီးတွေကို ပြန်ပြောရင် နေရှင်နယ်ကျောင်းသားဘ၀ ကျောင်းဝတ် စုံအဖြစ် ပင်နီအင်္ကျ ီနဲ့ ရွှေတောင်ပုဆိုး အနီဝတ်ခဲ့ရပုံတွေ၊ နှစ်စဉ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်၊ အမျိုးသားအောင်ပွဲနေ့မှာ အိုးစည်၊ ဒိုးပတ်ဝိုင်းတွေနဲ့ မြို့တစ်ပတ် စီတန်းလှည့်လည်ခဲ့ကြပုံတွေကို သူတို့ နာရည်ဝနေခဲ့ကြတယ်။ ပဲခူးနေရှင်ကျောင်းကို တည်ထောင်ခဲ့တဲ့ ဆရာကြီးဦးသာဒင်၊ ဆရာကြီးဦးသက်တင် တို့ အကြောင်းတွေကို ကျွန်တော်အခွင့်ရတိုင်းပြောပြပြီး ဆရာကြီးတွေရဲ့ အမျိုးသားနိုးကြာရေးတရား တွေကို ပြန်လည်းဖောက်သည်ချတတ်ပါတယ်။
ကျွန်တော့်ဘဝမှာ (အခြားလူများစွာလိုပဲ) ကံဆိုးခဲ့တာတွေလည်း အများကြီး။ ကံကောင်းခဲ့တာတွေ လည်း အများကြီးပါ။ အဲဒီထဲက ကံကောင်းချက်တွေကို ပြန်လည်ပြီး တန်းစီကြည့်တဲ့အခါ ပဲခူးနေရှင်နယ် ကျောင်းမှာ ပညာဆည်းပူးခွင့်ရခဲ့တာဟာ ကံကြမ္မာရဲ့ မျက်နှာသာပေးချက်တစ်ခုပဲလို့ ယုံကြည်နေပါတယ်။ နေရှင်နယ်ကျောင်းသား ဖြစ်ခဲ့တဲ့အတွက် အမျိုးသားရေးဆိုင်ရာ ကျရာတာဝန် ထမ်းဆောင်ရမယ့် အခွင့်အခါကြုံတိုင်းမှာ ကျွန်တော်တို့ပါဝင်ခဲ့ပါတယ်။ အဲသလိုတာဝန်ယူစိတ်ကို နေရှင်နယ်ကျောင်းက သတ်သွင်းပေးလိုက်တာပါ။
နေရှင်နယ်ကျောင်းထွက်များ
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ စာရေးဆရာမကြီး လူထုဒေါ်အမာ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန်ယူခဲ့တဲ့ ဦးသန့်စတဲ့ ပုဂ္ဂိုလ်တွေဟာ နေရှင်နယ်ကျောင်းထွက်တွေပါပဲ။
သူတို့နဲ့ အလားတူ အမြို့မြို့အနယ်နယ်ရှိ နေရှင်နယ်ကျောင်းသားများမှ ထွက်ခဲ့ကြတဲ့ လူချွန်လူမွန် တိုင်းပြည်ရဲ့ သားကောင်းရတနာတွေ အများကြီးရှိဦးမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ နေရှင်နယ် ကျောင်းတွေဟာ အစိုးရအထက်တန်းကျောင်းတွေနဲ့ စင်ပြိုင် ပုဂ္ဂလိကကျောင်းများအဖြစ် နှစ်ပေါင်း ၄၀ ကျော် ရပ်တည်ခဲ့ကြပြီး ၁၉၆၄ ခုနှစ်မှာ ပုဂ္ဂလိကကျောင်းများရဲ့ စိန့်ပေါလ်၊ စိန့်ဂျွန်းစတဲ့ သာသနာပြု ကျောင်းများကို နိုင်ငံပိုင်သိမ်းတဲ့အခါ နေရှင်နယ်ကျောင်း တွေပါပါးသွားပါတယ်။
ဖြူးကျောင်းသားများ၏ ကျေးဇူး
ဒါကြောင့် နှောင်းခေတ် လူငယ်းများအနေနဲ့ နေရှင်နယ်ကျောင်းခေါ် အမျိုးသားကျောင်းများရဲ့ အကြောင်းကို မိဘများက ပြန်မပြောရင် သိကြတော့မယ် မဟုတ်ပါဘူး။ ယခုဖြူးမြို့ နေရှင်နယ်ကျောင်း သားဟောင်းများက နောင်လာနောက်သားများအတွက် မှတ်တမ်းတင်ကျန်ရစ်အောင် မဂ္ဂဇင်းစာစောင်ထုတ် ဝေပြီး အမျိုးသားကျောင်းများရဲ့ ပူဇော်ထိုက်သော ဂုဏ်ကို ပြန်လည် ဖော်ထုတ်ခြင်းအတွက် ကျွန်တော်တို့ က( နေရှင်နယ်ကျောင်းသားဟောင်း အချင်းချင်းအနေနဲ့ရော၊ မျိုးချစ်မြန်မာစာရေးဆရာ တစ်ဦးအနေနဲ့ပါ) လွန်စွာမှ ဝမ်းမြောက်ဝမ်းသာ မုဒိတာ ဖြစ်ရပါကြောင်း။
ယနေ့ခေတ် လူငယ်များအနေဖြင့်လည်း မိမိတို့ရဲ့ ဘိုးဘားများ အမျိုးသားပညာရေးကို မြှင့်တင်ဖို့ ကိုယ်ထူကိုယ်ထ ကြိုးပမ်းခဲ့ကြတဲ့သာဓက၊ နေရှင်နယ်ကျောင်းများရဲ့ သမိုင်းစဉ်ကို လေးလေးစားစား လေ့လာကာ မိမိတို့ခေတ်တာဝန်ကို ဝေမျှထမ်းဆောင်လိုတဲ့ စိတ်ဓာတ်များ ပေါက်ဖွားနိုင်ကြပါစေလို့ ဆန္ဒပြလိုက်ပါကြောင်း။